[English]
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA အသင်းဝင်များသည် အောက်ပါ ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။
- ကိုယ်စားပြုခြင်း - မူဝါဒရေးရာ ဆွေးနွေးခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ဥပဒေ စည်းမျဥ်းများ ရေးဆွဲချမှတ်ခြင်းတို့တွင် အသင်းဝင်များ၏ အကျိုးစီးပွားအတွက် ကိုယ်စားပြုထောက်ခံပြောဆိုပေးခြင်း။
- ထောက်ခံချက်များ - သွင်းကုန်လိုင်စင်နှင့် အခြားစည်းမျဥ်းဆိုင်ရာ လိုအပ်ချက်များအတွက် လိုအပ်သော ထောက်ခံချက်များ ထုတ်ပေးခြင်း။ အထူးသဖြင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများနှင့် ပတ်သက်လုပ်ကိုင်ရသော အထည်ချုပ်စက်ရုံလုပ်ငန်းများသည် ၎င်းတို့လိုအပ်မည်ဖြစ်သော အသင်းထံမှ ထောက်ခံချက်ကို ရယူရန်အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA အသင်းဝင်ဖြစ်ရန် လိုအပ်မည်ဖြစ်ပါသည်။
- လုပ်ငန်းခွင်ဆက်ဆံရေးနှင့် လေးစားလိုက်နာမှု - အသင်းဝင် စက်ရုံလုပ်ငန်းများအားလုံး နိုင်ငံ၏ အလုပ်သမားဥပဒေ လေးစားလိုက်နာခြင်းကို အခြေမျဥ်းလိုအပ်ချက်အဖြစ် သေချာစေရန် Voluntary Labour Compliance Assessment (VLCA) အစီအစဥ်ဖြင့် ဆောင်ရွက်ခြင်း။ Employers’ Package မှတဆင့် စက်မှုလုပ်ငန်း လေးစားလိုက်နာမှုဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်း။
- သင်တန်းများ - လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအခြေပြုအလုပ်ရုံဆွေးနွေးပွဲများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်များနှင့် သင်တန်းများ ဆောင်ရွက်ပေးခြင်း။
- လုပ်ငန်းအချိတ်အဆက်များ - အလားအလာရှိသော အလုပ်အပ်နှံသူများ၊ ပစ္စည်းပေးသွင်းသူများ၊ လုပ်ငန်းမိတ်ဖက်များနှင့် ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ပေးခြင်း။
- ဖျန်ဖြေခြင်း - အသင်းဝင်အချင်းချင်းအကြား သို့မဟုတ် အသင်းဝင်နှင့် အခြားသူအကြား ဖြစ်ပွားသော လုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများကို ကြားဝင်စေ့စပ် ဖျန်ဖြေပေးခြင်း။ အခြားအငြင်းပွားမှုဖြေရှင်းရေး လုပ်းငန်းစဥ်များတွင် လိုအပ်ပါက အသင်းဝင်အား ကိုယ်စားပြု ထောက်ခံပြောဆိုပေးခြင်း၊ အကာအကွယ်ပေးခြင်း။
- အခြားဝန်ဆောင်မှုများ - အထည်ထုတ်လုပ်သူများအတွက် လိုအပ်သော ဆက်စပ်အရင်းအမြစ် အထောက်အပံ့များ။
Import License Recommendation

Mar 31, 2025
သွင်းကုန်လိုင်စင်ထောက်ခံချက်သည် လက်ခစား Cut-Make-Pack (CMP) စနစ်ဖြင့်လုပ်ကိုင်သော …
READ MORERecommendations

Mar 31, 2025
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA သည် CMP အထည်ချုပ်လုပ်ငန်းများအတွက် …
READ MORE