MGMA အသင်းဝင်ဖို့
- အသင်းဝင်လျှောက်လွှာပုံစံ ကို ဒေါင်းလုတ် ရယူပြီး ယင်းလျှောက်လွှာပုံစံကို ဖြည့်ပါ။
- လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပါ။ ကျွန်ုပ်တို့ကောက်ခံမည့် နှုန်းထားများ ကို ကြည့်ပါ။
- ထို့နောက် ဖြည့်ထားသော အသင်းဝင်လျှောက်လွှာပုံစံနှင့် လိုအပ်သောစာရွက်စာတမ်းများယူ၍ အသင်းရုံးသို့ လူကိုယ်တိုင်လာခဲ့ပါ။
ကျန်တဲ့လုပ်ငန်းစဥ်များ ကျွန်ုပ်တို့ ဆက်လက်ဆောင်ရွက်ပေးပါမည်။
MGMA အသင်းဝင်အကြောင်း
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် မြန်မာ့အထည်ချုပ်ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံလုပ်ငန်း ကုမ္ပဏီများ၊ ဆက်စပ်လုပ်ငန်းများနှင့် လိုအပ်သော သွင်းအားစုပစ္စည်းပေးသွင်းသူများ၊ ဝန်ဆောင်မှုပေးသူများနှင့် လုပ်ငန်းကိုယ်စားလှယ်များကို အသင်းဝင်အဖြစ် လက်ခံပါသည်။
1. Standard Membership (Garment Manufacturers & Factories)
သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းစဥ်များနှင့် ပတ်သက်ဆောင်ရွက်ရသော အထည်ချုပ်လုပ်ငန်းစက်ရုံများသည် သွင်းကုန်လိုင်စင်ရရှိရန်နှင့် အခြားသက်ဆိုင်ရာခွင့်ပြုချက်များရရှိရန်အတွက် MGMA ၏ ထောက်ခံချက် (Recommendation) ကိုလိုအပ်ပြီး ယင်းထောက်ခံချက်ရရန်အတွက် MGMA အသင်းဝင်ဖြစ်ရန် လိုအပ်ပါသည်။ MGMA အသင်းဝင်ဖြစ်ခြင်းကြောင့် အသင်းဝင် အထည်ချုပ်စက်ရုံများအနေဖြင့် အသင်း၏ ထောက်ခံချက်ဝန်ဆောင်မှုများအပြင် လုပ်ငန်းဆိုင်ရာ ထောက်ခံပြောဆိုမှု၊ သင်တန်း၊ လုပ်ငန်းအချိတ်အဆက်၊ အငြင်းပွားမှုဖျန်ဖြေခြင်း စသော ဝန်ဆောင်မှုများကိုလည်း ရရှိမည်ဖြစ်ပါသည်။
2. Associate Membership (Related Industry Businesses)
အထည်ထုတ်လုပ်သူ သို့မဟုတ် အထည်ချုပ်စက်ရုံလုပ်ငန်းမဟုတ်သော်လည်း သွင်းအားစုပစ္စည်းပေးသွင်းသူ၊ အထည်စစ်ကုမ္ပဏီ၊ ဒီဇိုင်းထုတ်လုပ်သူ၊ ဝန်ဆောင်မှုပေးသူစသည့် အထည်ချုပ်ကဏ္ဍနှင့် ဆက်စပ်သော လုပ်ငန်းကုမ္ပဏီများသည်လည်း MGMA ၏ Associate Member အဖြစ် အသင်းဝင်နိုင်ပါသည်။ Associate Member များသည်လည်း အသင်း၏ လုပ်ငန်းအချက်အလက်နှင့် အချိတ်အဆက်ဆိုင်ရာ ဝန်ဆောင်မှုများအပြင် အသင်းမှ ပြုလုပ်သော အခမ်းအနားများ၊ လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။
MGMA အသင်းဝင်ခြင်းဖြင့် အသင်း၏ ဝန်ဆောင်မှုများမှ အကျိုးရလာဒ်ရရှိပြီး တစ်ချိန်တည်းမှာပင် မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိမှုအတွက် အထောက်အကူပြုရလည်း ရောက်မည်ဖြစ်ပါသည်။