[English] 

Documents Required for MGMA Membership

(CMP) စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ပြီး သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများနှင့် သက်ဆိုင်သော အထည်ချုပ် ကုန်ထုတ်လုပ်သူများ သို့မဟုတ် စက်ရုံများ အတွက် လိုအပ်သော စာရွက်စာတမ်းများ

  1. အသင်းဝင်လျှောက်လွှာပုံစံ
  2. စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် သို့မဟုတ် ထောက်ခံချက်
  3. မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် မိတ္တူ
  4. မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသော Proposal မိတ္တူ
  5. ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ နှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  6. စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်လက်မှတ် (Taxpayer Identification Certificate)
  7. စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန် လိုင်စင်မိတ္တူ
  8. ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ နှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသောဒါရိုက်တာ List စာရင်း (Extract Form)
  9. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏ မှတ်ပုံတင် မိတ္တူ(သို့) ပတ်စ်ပို့မိတ္တူ
  10. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင်မည့်သူ၏ (၁ လက်မပတ်လည်) အရွယ်ဓာတ်ပုံ (၂) ပုံ
  11. မြန်မာနိုင်ငံရှိ ပြည်ပ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဖြစ်ကြသော (Chinese Textile & Garment Association in Myanmar (CTGA), Hong Kong Myanmar Manufacturers’ Association (HKMMA), Japan Garment Manufacturers Association in Myanmar (JGMA) and Korea Garment Association in Myanmar (KOGAM)) တို့၏ အသင်းဝင်ကဒ် (သို့မဟုတ်) ထောက်ခံချက်

 

(CMP) စနစ်ဖြင့် မဟုတ်ဘဲ သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများနှင့် သက်ဆိုင်သော အထည်ချုပ် ကုန်ထုတ်လုပ်သူများ သို့မဟုတ် စက်ရုံများ အတွက် လိုအပ်သော စာရွက်စာတမ်းများ

  1. အသင်းဝင်လျှောက်လွှာပုံစံ
  2. မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် မိတ္တူ (သို့) စည်ပင်ခွင့်ပြုချက်လိုင်စင်
  3. စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် (သို့) ထောက်ခံချက်
  4. ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများနှင့်ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  5. စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်လက်မှတ် (Taxpayer Identification Certificate)
  6. ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများနှင့် ညွှန်ကြားမှုဦးစီးဌာန (DICA)တွင် မှတ်ပုံတင်ထားသောဒါရိုက်တာ List စာရင်း (Extract Form)
  7. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏ မှတ်ပုံတင်မိတ္တူ (သို့) ပတ်စ်ပို့ မိတ္တူ
  8. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏(၁ လက်မပတ်လည်) အရွယ်ဓာတ်ပုံ(၂) ပုံ

 

Categories   • Membership
Tags   • Documents  • Application