[English] 

Helping Hands to Earthquake Affected Area

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA သည် Helping Hand Program ဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် မန္တလေး၊ စစ်ကိုင်းနှင့် အမရပူရ မြို့နယ်များရှိ မြေငလျင်ဒဏ်သင့် နေရာများသို့ တစ်အိမ်ထောင်လျင် ဆန်၊ ဆီ၊ ဆေး၊ အခင်းဖျာ၊ အမိုး၊ ဆိုလာမီး နှင့် ငွေကျပ် ၃၀,၀၀၀ စီ သွားရောက်လှူဒါန်းခဲ့ပါသည်။

ကူညီပံ့ပိုးရေးပစ္စည်းများကို ရွာ ၅ ရွာရှိ အိမ်ထောင်စု ၄၀၀ ထံပေးအပ်နိုင်ခဲ့ပါသည်။ ယင်းကူညီလှူဒါန်းမှုကို မြန်မာနိုင်ငံရှိ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဂျပန်အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ် အထည်အလိတ်နှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း နှင့် လုပ်ငန်းအပ်နှံသူများ အပါအဝင် MGMA အသင်းဝင်များ၏ စုပေါင်းထည့်ဝင်မှုဖြင့် ကူညီပံ့ပိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ကိုင်းနှင့် အမရပူရ သို့ ဧပြီလ ၉ ရက်နေ့ စုစုပေါင်း လှူဒါန်းမှုတန်ဖိုးမှာ ငွေကျပ် ၃၈,၀၀၀,၀၀၀ ဖြစ်ပါသည်။