[English] 

Covid-19 Helping-hands Photos

ကိုဗစ်-၁၉ ရောဂါဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှအစပြုခဲ့ပြီး နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစပ်ပျံ့နှံ့ပြီး ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ်သတ်မှတ်ခံရတဲ့အထိ ဖြစ်ခဲ့ပါသည်။ မြန်မာပြည်မှာလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ဖို့ ရုန်းကန်ကြိုးစားခဲ့ရပါတယ်။ MGMA နဲ့ အသင်းဝင်တွေဟာ ကူညီလှူဒါန်းဖို့ အမြဲအသင့်ရှိနေကြသည်ဆိုသည့်အတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း MGMA နှင့် အသင်းဝင်များက အောက်ပါအတိုင်း ကူညီလှူဒါန်းမှုများ စုပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

  1. လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁) သို့ Surgical Gown အစုံ (၅၀၀)
  2. အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ Surgical Gown အစုံ (၂၅၀၀)
  3. “စုပေါင်းအလှူကျန်းမာကူ” အစီအစဥ်၏ “Oxygen Plant Project” အတွက် လှူဒါန်းမှု
  4. အောင်မြင့်မိုရ် အိမ်ယာရှိ ကိုဗစ်-၁၉ Quarantine Center သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် အခြားလိုအပ်သောပစ္စည်းများ
  5. အင်းစိန်မြို့တယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ Korean Garment Association in Myanmar (KOGAM) မှလှူဒါန်းသော ၈,၅၀၀,၀၀၀ ကျပ် (ရှစ်ဆယ့်ငါးသိန်း) ကျပ်တန်ဖိုးရှိ Oxygen Concentrator ၅ လုံး
Categories   • CSR
Tags   • Helping-Hands