
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြိုဆိုပါတယ်။ MGMA ကို စိတ်ဝင်စားကြလို့ ကျေးဇူးတင်ပါတယ်။ MGMA ဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍတိုးတက်ရေး ပံ့ပိုးပေးနေတဲ့ အဓိက စီးပွားရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုအဖြစ်ရှိနေတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။
မြန်မာ့အထည်အလိပ်ကဏ္ဍဟာ ဘင်းဂင်္လားဒေ့ရှ်၊ တရုတ်၊ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေက အထည်အလိပ်လုပ်ငန်းကဏ္ဍတွေနဲ့ ယှဥ်လိုက်ရင် အတော်သေးငယ်ပါသေးတယ်။ သို့သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းအပ်နှံသူတွေက ကျနော်တို့ လုပ်ငန်းကဏ္ဍရဲ့ အင်္ဂါရပ်ကောင်းတွေကို သိမြင်လာကြတာနဲ့အမျှ ကျနော်တို့ဟာ အားကောင်းသန်မာပြီး ရေရှည်ခံမယ့် တိုးတက်မှုတွေရှိလာတာကို တွေ့ကြုံမြင်တွေ့လာကြရပါတယ်။ မြန်မာ့အထည်အချုပ်ကဏ္ဍရဲ့ ပို့ကုန်တန်ဖိုးဟာ တစ်နှစ်ပြီးတစ်နှစ် တိုးတက်နေသလို အလုပ်အကိုင်သစ်များစွာကိုလည်း ဖန်တီးပေးလျက်ရှိပါတယ်။
မှန်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ငန်းကဏ္ဍဟာ စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်ရပါတယ်။ ဘဏ်စနစ်ဖွံ့ဖြိုးမှု အားနည်းနေသေးတယ်။ ရန်ကုန် ဧရိယာ အပြင်ဘက် အခြေခံအဆောက်အအုံတွေဟာ ဖွံ့ဖြိုးစ အခြေအနေမှာသာ ရှိပါသေးတယ်။ ပြည်ပဖောက်သည်ရှာဖွေမှုကွန်ယက်ဟာလည်း တခြားနိုင်ငံတွေက ကျနော်တို့ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဥ်လိုက်ရင် သေးငယ်နေပါသေးတယ်။ ဖွံ့ဖြိုးကြီးထွားဖို့အတွက် အတားအဆီးများစွာ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း MGMA ဟာ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး မူဝါဒပိုင်းဆိုင်ရာ တိုးတက်မှုအတွက် စည်းရုံးပြောဆိုမှုအပါအဝင် အခက်အခဲများကို စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါတယ်။
အခုဆိုရင် MGMA ဟာ အစိုးရမူဝါဒချမှတ်သူတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံသူတွေ၊ လက်လီရောင်းကုမ္ပဏီတွေနဲ့ နိုင်ငံတကာအမှတ်တံဆိတ်တွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ကျနော်တို့ရဲ့ လှိုက်လှဲပျူငှာပြီး အလုပ်ကြိုးစားတဲ့ ယဥ်ကျေးမှု၊ စာရေးစာဖတ်တတ်သူဦးရေနဲ့ ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေကြောင့် မြန်မာဟာ နိုင်ငံတကာ အထည်အပ်နှံသူတွေအတွက် အလွန်စွဲဆောင်မှုရှိတဲ့ နေရာဖြစ်လာပါလိမ့်မယ်။