
10-Year Strategy (2025-2034)
ဤ ၁၀ နှစ်စာ မဟာဗျူဟာမြောက်စီမံကိန်းသည် လတ်တလော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အသုံးချခြင်းနှင့် ဆန်းသစ်သော၊ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းကဏ္ဍရပ်ဝန်းကို အားပေးမြှင့်တင်ခြင်းဖြင့် မြန်မာ့အထည်ချုပ်ကဏ္ဍ ရေရှည်အောင်မြင်စေရန်အတွက် ရည်ရွယ်ချမှတ်သော စီမံကိန်းဖြစ်ပါသည်။ ကျင့်ဝတ်စောင့်ထိန်းပြီး ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် တန်ဖိုးဖြင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး အပြည်ပြည်ဆိုင်ရာ ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် မြန်မာ့ အထည်ချုပ်ကဏ္ဍကို တိုင်းပြည်၏ ဝင်ငွေအမြင့်ဆုံးလုပ်ငန်း တစ်ခုဖြစ်လာစေမည့် မဟာဗျူဟာမြောက်ပန်းတိုင်များ ချမှတ်ဆောင်ရွက်ရန် ကြိုးစားပါသည်။
Myanmar Garment Industry 10-year Strategy (English)
Myanmar Garment Industry 10-year Strategy (Myanmar)
Mind map of the strategy
10-Year Strategy (2015-2024)
MGMA သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ကျော်ဖြတ်ခဲ့ပြီးဖြစ်သော ၁၀ နှစ်တာလအတွက် မဟာဗျူဟာမြောက်စီမံကိန်းကိုလည်း အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်များ၊ အသင်းဝင်စက်ရုံများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲ၍ ၂၀၁၅ ခုနှစ်၊ နှစ်လည်ပိုင်းတွင် ချမှတ်ခဲ့ပါသည်။ မြင့်မားသော လူမှုဝတ္တရားလေးစားလိုက်နာမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကိုပေးသော ကုန်ထုတ်လုပ်မှုအခြေခံစနစ်တို့သည် မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အရာများအဖြစ် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က ယုံကြည်ပါသည်။

Myanmar Garment Industry 10-year Strategy (2015-2024)
၁၀ နှစ်တာကာလ မဟာဗျူဟာမြောက်စီမံကိန်းများနှင့် စပ်လျဥ်း၍ သိလိုတာရှိလျှင် MGMA အသင်းရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။