[English] 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍကို ကိုယ်စားပြုသော နိုင်ငံတော်အဆင့် လုပ်ငန်းရှင်အသင်းတစ်သင်းဖြစ်ပါသည်။

MGMA သည် အထည်ချုပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် မှီခိုလုပ်ငန်းနေသူများ၏ အလုပ်အကိုင်တည်မြဲရေးအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် အသင်းဝင်စက်ရုံလုပ်ငန်းရှင်များအားလုံး၏ စုပေါင်းအကျိုးစီးပွားအတွက် ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ အသင်းဝင်စက်ရုံများသည် လုပ်သားဦးရေ ၄၅၀,၀၀၀ ဝန်းကျင်ကို အလုပ်အကိုင်ခန့်ထားပေးလျက်ရှိပြီး မရွေတွက်နိုင်သော မိသားစုများ မှီခိုလုပ်ကိုင်နေရသော လုပ်ငန်းကဏ္ဍကြီးတစ်ခု၏ ပင်မထောက်တိုင်တစ်ခုဖြစ်လျက်ရှိပါသည်။

MGMA သည် မြန်မာ့အထည်ချုပ်ကဏ္ဍအတွင်း တာဝန်ယူမှုတာဝန်ခံမှုရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကူညီပံ့ပိုးရေးမှာလည်း အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ လုပ်ငန်းကဏ္ဍအကြောင်း ထဲထဲဝင်ဝင် သိမြင်ကျွမ်းကျင်မှုရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်သော အသင်းကြီးတစ်သင်းဖြစ်ပါသည်။ အထည်ချုပ်စက်ရုံတည်ထောင်ခြင်း၊ ပစ္စည်းပေးသွင်းခြင်း၊ သို့မဟုတ် လုပ်ငန်းအပ်နှံခြင်း လုပ်ကိုင်လိုသူများအနေဖြင့် အင်တိုက်အားတိုက် ရှင်သန်ကြီးထွားလျက်ရှိသော မြန်မာ့အထည်ချုပ်လုပ်ငန်းအကြောင်း လေ့လာနိုင်ရန် MGMA က အကူအညီပေးနိုင်ပါသည်။

10-Year Strategy

About

Apr 10, 2025

10-Year Strategy (2025-2034) ဤ ၁၀ နှစ်စာ မဟာဗျူဟာမြောက်စီမံကိန်းသည် လတ်တလော စိန်ခေါ်မှုများနှင့် …

READ MORE

Welcome

About

Apr 8, 2025

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြိုဆိုပါတယ်။ MGMA ကို စိတ်ဝင်စားကြလို့ …

READ MORE

Members of Central Executive Committee and Executive Committee

default featured img

Jun 30, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း …

READ MORE